· ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်
· ညနေ ၄ နာရီ - ၅ နာရီ
· ကြိုတင်ရိုက်ကူးထားသော သင်တန်းဗွီဒီယိုကို ဝယ်ယူရန်အတွက် ၊ စုစုပေါင်းသင်တန်းချိန် ၁၀.၅ နာရီ ၊ LIVE online အမေးအဖြေကဏ္ဍ ရွေးချယ်ရန် ၊ (၁) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်၊ သို့မဟုတ် (၂) ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆)ရက် (map)
ဤသင်တန်းအကြောင်း
သင်တန်းအကြောင်း စုံစမ်းမေးမြန်းလိုသည်များကို contact our team ကို ကလစ်လုပ်ပြီး ကျွန်ပ်တို့ထံ မေးမြန်းနိုင်ပါသည်။ သင်တန်းအား ကြည့်ရှုလေ့လာနိုင်သည့် အချိန်ကာလကို တိုးမြှင့်ပေးပါရန် အကြောင်းခိုင်လုံသော မေတ္တာရပ်ခံချက်များကို စဉ်းစား လိုက်လျောပေးပါမည်။
သင်တန်းအကြောင်းအနှစ်ချုပ်
သင်တန်းကို ဝယ်ယူသည့်နေ့မှစတင်၍ ရက်ပေါင်း (၃၆၅)ရက်အထိ သင်ခန်းစာဗွီဒီယိုများကို လေ့လာနိုင်ပါမည်။ (ယခင်သတ်မှတ်ထားသည့် ရက်ပေါင်း ၁၂၀ ကို တိုးမြှင့်ပေးထားခြင်း ဖြစ်ပါသည်။)
Kim နှင့် အဖွဲ့က အောက်တွင်ဖော်ပြထားသည့် အစီအစဉ်အတိုင်း မေတ္တာဖြင့် ပြုလုပ်ပေးမည့် မိနစ် (၆၀)ကြာ အမေးအဖြေကဏ္ဍကို လေ့လာနိုင်မည်ဖြစ်ပါသည်။
သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို ရရှိရန်အတွက် သင်ခန်းစာများအားလုံးကို ၁၀၀% ပြီးမြောက်အောင် အပြည့်အဝ သင်ယူရုံသာမက အမေးအဖြေကဏ္ဍကို တက်ရောက်ရန် သို့မဟုတ် အမေးအဖြေကဏ္ဍမှတ်တမ်း ဗွီဒီယိုကို ပြန်လည်ကြည့်ရှုရန် လိုအပ်ပါသည်။
ယခုဖော်ပြထားသော အမေးအဖြေကဏ္ဍကို ပြုလုပ်မည့်နေ့စွဲသည် လာမည့်အမေးအဖြေကဏ္ဍနေ့စွဲ ဖြစ်ပါသည်။ နောင်ပြုလုပ်မည့် အမေးအဖြေကဏ္ဍနေ့စွဲများကိုလည်း အချိန်နှင့်တပြေးညီ ဖော်ပြသွားပါမည်။
မေတ္တာလက်ဆောင်အဖြစ် စီစဉ်ပေးသည့် အမေးအဖြေကဏ္ဍကို တက်ရောက်ရန် အောက်ဖော်ပြပါ နေ့စွဲများအနက် သင်နှစ်သက်ရာနေ့အတွက် စာရင်းသွင်းသည့် link ကို ကျေးဇူးပြုပြီး ရွေးချယ်ပါ။
Kim နှင့်အဖွဲ့ထံမှ ဆက်လက်သင်ယူလိုပါက ဤသင်ခန်းစာခေါင်းစဉ်အတွက် နောင်ထပ်မံပြုလုပ်မည့် အမေးအဖြေကဏ္ဍကို နောက်ထပ်အနည်းငယ်မျှသော ငွေပမာဏကို အသုံးပြုပြီး တက်ရောက်နိုင်ခွင့် ရရှိမည် ဖြစ်ပါသည်။
သင်တန်းကြေးအတွက် အကူအညီနှင့် အုပ်စုလိုက် စာရင်းသွင်းခြင်းအတွက် သင်တန်းကြေး သက်သာရန် အောက်ပါ သက်ဆိုင်ရာ link များမှတဆင့် လျှောက်ထားနိုင်ပါသည်။
သင်တန်းအကြောင်း အသေးစိတ်အချက်အလက်များ
စုစုပေါင်း ၁၀.၅ နာရီ (အမေးအဖြေကဏ္ဍအပါအဝင်)
စိတ်ဒဏ်ရာများကို အရေးတယူထည့်သွင်းစဉ်းစား တုံ့ပြန်အလေးထားခြင်း အလေ့အကျင့် (Trauma Sensitive Practice)သင်ခန်းစာစီးရီးသည် အချိန်မရွေး စာရင်းသွင်း လေ့လာသင်ယူနိုင်သော သင်တန်းဖြစ်ပါသည်။ သင်တန်းကို စာရင်းသွင်းပြီးသည်နှင့် တပြိုင်နက် ကြိုတင်ရိုက်ကူးထားသော သင်ခန်းစာဗွီဒီယိုများ၊ သင်တန်းမှတ်စုများနှင့် ရည်ညွှန်းချက် အရင်းအမြစ်များကို ချက်ချင်း လေ့လာနိုင်မည် ဖြစ်ပါသည်။ သင်တန်းကို ဝယ်ယူစာရင်းသွင်းသည့်နေ့မှစတင်၍ (၁)နှစ်တိတိ သင်ခန်းစာများအားလုံးကို လေ့လာနိုင်ပါသည်။
သင်တန်းကို စာရင်းသွင်းပြီးသည်နှင့် တပြိုင်နက် ကြိုတင်ရိုက်ကူးထားသော သင်ခန်းစာဗွီဒီယိုများ၊ သင်တန်းမှတ်စုများနှင့် ရည်ညွှန်းချက် အရင်းအမြစ်များကို ချက်ချင်း လေ့လာနိုင်ရုံသာမက၊ Kim နှင့် Relationship Matters အဖွဲ့သားများက zoom ကို အသုံးပြု၍ မေတ္တာဖြင့် ပြုလုပ်ပေးမည့် မိနစ်(၆၀)ကြာ အမေးအဖြေကဏ္ဍကိုလည်း တက်ရောက်နိုင်မည် ဖြစ်ပါသည်။ ယခုလက်ရှိ ဖော်ပြထားသည့် အမေးအဖြေကဏ္ဍနေ့စွဲသည် လာမည့်အမေးအဖြေကဏ္ဍနေ့စွဲ ဖြစ်ပါသည်။ သင်သည် သင်တန်းကို စာရင်းသွင်းလိုက်သည်နှင့် တပြိုင်နက် သင်စာရင်းသွင်းသည့်နေ့မှ အနီးဆုံး လာမည့် အမေးအဖြေကဏ္ဍနေ့စွဲကို အလိုအလျောက် စာရင်းသွင်းပြီးသား ဖြစ်ပါလိမ့်မည်။
ဤအမေးအဖြေကဏ္ဍကို ခန့်မှန်းခြေ ၆လ - ၈လလျှင် (၁)ကြိမ် ပြုလုပ်ပေးလေ့ရှိပါသည်။ ပြုလုပ်သည့်နေ့တွင် မတက်ရောက်နိုင်ပါက မိမိ အဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်ရန် မှတ်တမ်းတင်ဗွီဒီယို စီစဉ်ထားရှိပေးပါသည်။ သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို သတ်မှတ်ထားသည့်ပုံစံအား ဖြည့်သွင်းပြီး လျှောက်ရပါမည်။ LIVE အမေးအဖြေကဏ္ဍကို တက်ရောက်ခြင်း သို့မဟုတ် မှတ်တမ်းတင်ဗွီဒီယိုကို လေ့လာကြည့်ရှုပြီးမှသာ သင်တန်းပြီးဆုံး ကြောင်းလက်မှတ်ကို ရရှိမည်ဖြစ်ပါသည်။ အကယ်၍ သင့်တွင် ငွေကြေးဆိုင်ရာကြောင့် သို့မဟုတ် အခြားသော အချိန်မီလုပ်ဆောင်ရမည့်အရာများကြောင့် ဤအမေးအဖြေကဏ္ဍကို အချိန်မီ လေ့လာရန်အတွက် အခက်အခဲဖြစ်နေပါက ကျွန်ုပ်တို့ကို ဆက်သွယ်ပါ please contact our team here. အမေးအဖြေကဏ္ဍတွင် မေးမြန်းလိုသော မေးခွန်းများကို ကြိုတင်ပေးပို့ထားပြီး LIVE တွင် ကိုယ်တိုင်ပါဝင်မေးမြန်းရန် တိုက်တွန်းလိုပါသည်။ အကယ်၍ သင်သည် LIVE အမေးအဖြေကို မတက်ရောက်နိုင်လျှင်လည်း၊ မှတ်တမ်းတင်ဗွီဒီယိုကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ သင်ခန်းစာ ဗွီဒီယိုများအားလုံးနှင့် အမေးအဖြေကဏ္ဍကို လေ့လာပြီးသူအားလုံးသည် Kim နှင့်အဖွဲထံမှ ဆက်လက်သင်ယူလိုလျှင်သော်လည်းကောင်း၊ ဤအကြောင်းအရာနှင့် ပတ်သက်၍ မေးခွန်းအသစ် များ မေးလိုလျှင်သော်လည်းကောင်း၊ နောင်ပြုလုပ်မည့် အမေးအဖြေကဏ္ဍကို $30CND ပေးရုံမျှဖြင့် စာရင်းသွင်း တက်ရောက်နိုင်ပါသည်။
ကျွန်ုပ်တို့ အစဉ်အမြဲ ကျင့်သုံးနေကျအတိုင်း သင်တန်းကြေးအတွက် အကူအညီနှင့် အုပ်စုလိုက် စာရင်းသွင်းခြင်းအတွက် သင်တန်းကြေး သက်သာရန် အစီအစဉ်များ ရှိပါသည်။ အောက်ပါ သက်ဆိုင်ရာ link များမှတဆင့် လျှောက်ထားနိုင်ပါသည်။
ကျွန်ုပ်တို့၏ သင်တန်းများအကြောင်း မေးမြန်းစုံစမ်းလိုပါက ဤနေရာမှ ဆက်သွယ်နိုင်ပါသည်။ , please contact our team here.
သင်၏ သင်ယူမှုခရီးလမ်းကြောင်းတလျှောက် ကျွန်ုပ်တို့က အကူအညီပေးရန် အဆင်သင့်ရှိပါသည်။
COURSE PROVIDER: Relationship Matters Consultancy, Inc
သင်တန်းကို စီစဉ်သူ - Relationship Matters Consultancy, Inc
TARGET AUDIENCE: OT, PT, SLP, CC, EDUCATORS
သင်တန်းတက်ရောက်နိုင်သူများ - OT, PT, SLP, CC, EDUCATORS
INSTRUCTOR: Kim Barthel, OTR, C/NDT, Advanced OT
သင်ကြားပို့ချပေးမည့်ဆရာမ - Kim Barthel, OTR, C/NDT, Advanced OT
INSTRUCTIONAL FORMAT: HYBRID: A combination of independant distance learning + live 60 minute Q&A.
သင်တန်းပို့ချပေးမည့်ပုံစံ - မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်မည့် သင်ခန်းစာဗွီဒီယိုများနှင့် Live အမေးအဖြေကဏ္ဍ (၆၀ မိနစ်) ပေါင်းစပ်ထားသည့်ပုံစံ
EDUCATIONAL LEVEL: Introductory
အကြောင်းအရာနက်နဲကျယ်ပြန့်မှုအဆင့် - အခြေခံမိတ်ဆက်အဆင့်
PREREQUESITES: None
သင်တန်းတက်ရန် ကြိုတင်လိုအပ်ချက်များ - မရှိပါ
INSTRUCTIONAL METHODS: Pre-recorded learning modules clearly segmented to move the learner through the different impacts of trauma, accompanying handouts, and a live online Q&A session. Each module provides clinical examples identifying how to apply the learning to clinical reasoning and practice.
သင်ကြားပို့ချမှုနည်းလမ်းများ - ကြိုတင်ရိုက်ကူးထားသော သင်ခန်းစာဗွီဒီယိုများကို သင်ခန်းစာမော်ဂျူးတခုချင်းအလိုက် ရှင်းလင်းစွာ စီစဉ်ထားခြင်းကြောင့် သင်တန်းသားများသည် စိတ်ဒဏ်ရာကြောင့် ဖြစ်သော အကျိုးဆက် အမျိုးမျိုးကို သင်ယူသွားနိုင်မည် ဖြစ်သည်။ သင်ခန်းစာမှတ်စုများကိုလည်း စီစဉ်ပေးထားပါသည်။ live အမေးအဖြေကဏ္ဍလည်း ပါဝင်ပါသည်။ သင်ခန်းစာတခုချင်းစီသည် သင်ယူရရှိလိုက်သည့်အချက်များအား ကုသမှုဆိုင်ရာ ကြောင်းကျိုးဝေဖန်ပိုင်းခြားရန်နှင့် ကုသမှုပေးရန်တို့အတွက် မည်သို့ အသုံးပြုရမည်ကိုလည်း လက်တွေ့ကုသမှုဥပမာများနှင့် ရှင်းလင်းတင်ပြထားပါသည်။
SPECIAL NEEDS REQUESTS: Please contact hello@kimbarthel.ca if you are requiring modifications because of a documented disability.
အထူးအကူအညီလိုအပ်ချက် - သင်သည် မသန်စွမ်းဟု တရားဝင်သတ်မှတ်ခြင်းခံရသူဖြစ်ပြီး၊ သင်ခန်းစာများကို သင်ယူရန်အတွက် အကူအညီလိုအပ်ပါက hello@kimbarthel.ca ကို ဆက်သွယ်ပါ။
မှတ်ချက် - ဤသင်တန်းကို တက်ရောက်လေ့လာပြီး အမေးအဖြေကဏ္ဍကိုလည်း ပါဝင်ကြညိ့ရှု လေ့လာပြီးသောသူများသည် နောင်လုပ်မည့် အမေးအဖြေကဏ္ဍများကို ဝယ်ယူတက်ရောက်နိုင်ခွင့် ရှိပါသည်။ သင့်တွင် မေးချင်သည့်မေးခွန်းများ ရှိနိုင်သည်၊ သို့မဟုတ် အကြောင်းအရာနှင့် ပတ်သက်ပြီး ထပ်မံ လေ့လာစူးစမ်းချင်စိတ်များ ရှိနိုင်ပါသည်။ ဤသို့ဆိုပါက အမေးအဖြေကဏ္ဍများကို တက်ရောက်ခြင်းသည် နောက်ထပ် အခွင့်အရေးတခု ဖြစ်ပါလိမ့်မည်။ ထပ်မံသိရှိလိုပါက relationshipmatterscourses@gmail.com ကို ဆက်သွယ်ပါ။
Course Overview:
သင်ခန်းစာများကို ခြုံငုံဖော်ပြချက်
Living with trauma is a universal experience. Talking about mental health and emotional pain used to be taboo – but no longer. Thankfully and appropriately, trauma-sensitive practice is becoming an increasingly common topic within forward-thinking organizations world-wide. This is essential if we want the individual people, we serve to be receiving the most effective levels of support needed for them to thrive.
စိတ်ဒဏ်ရာဖြင့် ဘဝကိုဖြတ်သန်းနေရမှုသည် ကမ္ဘာတဝှမ်းတွင် ဖြစ်ပွားနေသော ကိစ္စရပ်တခု ဖြစ်သည်။ စိတ်ကျန်းမာရေးနှင့် စိတ်ဒဏ်ရာများအကြောင်း ပြောဆိုဆွေးနွေးကြခြင်းကို ယခင်က ရှောင်ရှားလေ့ရှိကြသော်လည်း ယခုအခါမူ ဤသို့ ရှောင်ကြဉ်ခြင်းကို မပြုလုပ်ကြတော့ပေ။ နိုင်ငံတကာရှိ အမြော်အမြင်ရှိရှိနှင့် တိုးတက်ရန် အစဉ်အားထုတ်နေသော အဖွဲ့အစည်းများအတွင်း စိတ်ဒဏ်ရာများကို အရေးတယူထည့်သွင်းစဉ်းစား အလေးထားတုံ့ပြန်ခြင်း အလေ့အကျင့်များ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြခြင်းသည် သင့်လျော်သော ဆောင်ရွက်ချက်ဖြစ်ပြီး ကျေးဇူးတင်စရာကောင်းပါသည်။ မိမိတို့ထံမှ ဝန်ဆောင်မှုကို ရယူနေသော တဦးချင်းစီကို ၎င်းတို့၏ဘဝ ရှင်သန်နိုင်ရေးအတွက် လိုအပ်သော အကူအညီကို အထိရောက်ဆုံး၊ အကောင်းဆုံး ပေးဆပ်လိုသည်ဆိုပါက၊ စိတ်ဒဏ်ရာများကို အရေးတယူထည့်သွင်းစဉ်းစား အလေးထား တုံ့ပြန်ခြင်း အလေ့အကျင့်သည် မရှိမဖြစ် လိုအပ်ပါသည်။
An individual’s experience of their life’s trauma impacts every area of human functioning: physical, mental, behavioural, social, and spiritual. Circumstances such as violence, abuse, neglect, addiction, loss, racism and exclusion are examples of what can dramatically affect a child’s development and it can significantly impede their capacity to function throughout their lifespan. But the understanding of “trauma” is frequently misinterpreted, misunderstood and minimized - leaving people responding repeatedly from wounded places, without awareness. When combined with developmental disability or substance abuse, the challenges for individuals living with trauma are compounded enormously.
လူတယောက်သည် သူ၏ဘဝတွင် စိတ်ဒဏ်ရာများကို တွေ့ကြုံခဲ့ရပါက ယင်းအတွေ့အကြုံတို့သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ နှင့် ဘာသာအယူဝါဒ၊ ယုံကြည်မှုပိုင်းဆိုင်ရာ စသည့် လူတယောက်ပြုလုပ်ဆောင်ရွက်ရမည့် ကဏ္ဍအသီးသီးတို့အပေါ် ထိခိုက်မှုရှိပါသည်။ အကြမ်းဖက်ခံရမှု၊ အနိုင်ကျင့်ခံရမှု၊ လျစ်လျူရှုခံရမှု၊ မူးယစ်ဆေးစွဲမှု၊ (မိသားစု သို့မဟုတ် မိမိအားကိုးအားထားပြုနေရသူ)ဆုံးရှုံးရမှု၊ အသားရောင်ခွဲခြားဆက်ဆံခံရမှု၊ ဖယ်ထုတ်ပစ်ပယ်ခံရမှု စသည့် အခြေအနေများသည် ကလေးတယောက်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားစွာ ထိခိုက်စေသည့် ဥပမာအချို့ ဖြစ်ပါသည်။ ထို့ပြင် ဤအတွေ့အကြုံများသည် ကလေး၏ ဘဝတလျှောက်လုံးတွင်လည်း ကဏ္ဍအသီးသီး၌ စွမ်းဆောင်မှုများကို အဟန့်အတားဖြစ်စေပါသည်။ သို့ရာတွင် လူအများစုသည် စိတ်ဒဏ်ရာ(trauma)ကို မကြာခဏပင် အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲတတ်ကြသည်၊ နားလည်မှုလွဲတတ်ကြသည်၊ သိပ်အရေးမကြီးဟု ထင်တတ်ကြသည်။ ထို့ကြောင့် သူတို့သည် ဘဝတွင် ကြုံတွေ့ရသည့် ဖြစ်ရပ်များကို သူတို့၏ အတိတ်က စိတ်နာကျင်ခဲ့ရမှုများကို အခြေခံပြီး တုံ့ပြန်လေ့ရှိကြသည်။ ဤအချက်ကို သူတို့ကိုယ်သူတို့ သတိပြုမိခြင်း မရှိပေ။ ဖွံ့ဖြိုးမှုဆိုင်ရာမသန်စွမ်းမှု(developmental disability)ရှိသူ သို့မဟုတ် မူးယစ်ဆေးစွဲနေသူသည် ဤစိတ်ဒဏ်ရာများ ရှိပါက၊ သူ၏ ဘဝသည် အလွန်ကြီးမားသော အခက်အခဲများစွာနှင့် ပြည့်နေမည် ဖြစ်သည်။
As professionals, we are most effective at supporting others when we understand how personal trauma experiences influence overall function and healing processes. Whether we work in the fields of therapy, education, social work, child protection or business, and whether we are counselors, police officers or foster parents, this mental health workshop will help us develop new skills in working mindfully and effectively with other people. The upside is that we’re highly likely to understand ourselves more too.
ကျွန်ုပ်တို့ ပညာရှင်များအနေနှင့်၊ ကျွန်ုပ်တို့သည် လူတယောက်၏ စိတ်ဒဏ်ရာဖြစ်စရာအတွေ့အကြုံ များက ထိုသူ၏ ဘဝအပေါ် မည်သို့ လွှမ်းမိုးမှုရှိကြောင်းကိုလည်းကောင်း၊ ကုစားခြင်းဖြစ်စဉ်သည် မည်သို့ ဖြစ်တည်သည်ကိုလည်းကောင်း နားလည် သဘောပေါက်ခြင်းအားဖြင့် ထိုသူကို အထိရောက်ဆုံး ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။ ကုသရေး၊ ပညာရေး၊ လူမှုအကူအညီပံ့ပိုးရေး၊ ကလေးသူငယ် အခွင့်အရေးကို ကာကွယ်ရေး သို့မဟုတ် စီးပွားရေး စသဖြင့် မည်သည့်နယ်ပယ်တွင် လုပ်ဆောင်နေသည် ဖြစ်စေ၊ ကျွန်ုပ်တို့သည် ဆွေးနွေးလမ်းညွှန်သူ၊ ရဲအရာရှိ သို့မဟုတ် မွေးစားမိဘ မည်သူပင်ဖြစ်ပါစေ၊ ဤ စိတ်ကျန်းမာရေးဆိုင်ရာ သင်တန်းသည် ကျွန်ုပ်တို့အား လူအများနှင့် အလုပ်လုပ်ရာတွင် သတိကပ်စေရန် နှင့် အကျိုးရှိရှိ ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် အရည်အချင်းအသစ်များကို ရရှိတိုးတက်လာစေရန် အကူအညီပေးပါလိမ့်မည်။
Kim’s 9.5 hours of recorded videos consist of seven sessions that average just over 80 minutes each. Participants will have repeated access via live streaming for 365 days from the date they register. Additionally, there will be a live, online and interactive Q&A for 60 minutes.
Kim ၏ ဤသင်တန်းတွင် ၉နာရီခွဲကြာ သင်ခန်းစာဗွီဒီယိုများ၌ တခုလျှင် ပျမ်းမျှ ၈၀ မိနစ်ကြာ သင်ခန်းစာ (၇)ခု ပါဝင်ပါသည်။ သင်တန်းသားတို့သည် မိမိတို့ သင်တန်းကို စာရင်းသွင်းဝင်ရောက်သည့်နေ့မှ စတင်ပြီး ၃၆၅ ရက်ကြာကာလအတွင်း သင်ခန်းစာများကို ထပ်ခါတလဲလဲ အကန့်အသတ်မရှိ လေ့လာကြည့်ရှုနိုင်ပါသည်။ ထို့အပြင် မိနစ် (၆၀)ကြာ အပြန်အလှန် ဆက်သွယ်မေးမြန်းဖြေဆိုသည့် အမေးအဖြေကဏ္ဍလည်း ပါဝင်မည် ဖြစ်ပါသည်။
Learning Objectives of the ‘Trauma-Sensitive Practice’ Course:
ဤ Trauma-Sensitive Practice သင်တန်း၏ ရည်ရွယ်ချက်များ
Gain an appreciation for the deep impact that trauma has on brain development, relational skills, coping strategies and behaviour
စိတ်ဒဏ်ရာသည် ဦးနှောက်ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးအရည်အချင်းများ၊ အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခန့်ခွဲပုံနည်းလမ်းများ နှင့် အပြုအမူများအပေါ် ထိခိုက်မှု ရှိကြောင်းကို နားလည်သဘောပေါက်စေရန်
Identify the red flags in behaviour that are suggestive of relational trauma, and the complexities when coupled with developmental disability
ဆက်ဆံရေးပိုင်းဆိုင်ရာ စိတ်ဒဏ်ရာ (relational trauma) ကြောင့်ဖြစ်ဖွယ်ရှိသော အပြုအမူများကို သတိထားမိစေရန် နှင့် ဖွံ့ဖြိုးမှုဆိုင်ရာမသန်စွမ်းမှုနှင့် ယှဉ်တွဲသွားသည့်အခါ ယင်း၏ ခက်ခဲရှုပ်ထွေးမှုများကို သိရှိနားလည်ရန်
Appreciate the value of attunement and “holding space” as a force for regulation, healthy brain rewiring, reflection, self-esteem, and learning
သဟဇာတဖြစ်မှု၊တသားတည်းဖြစ်မှု(attunement) နှင့် အချိန်ပေးမှု (holding space)တို့သည် စိတ်ထိန်းညှိရန်၊ ဦးနှောက်လမ်းကြောင်းများ သင့်တော်စွာ ပြန်လည်ချိတ်ဆက်ရန်၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန်၊ မိမိကိုယ်ကို တန်ဖိုးထားရန် နှင့် သင်ယူခြင်း တို့အတွက် တန်ဖိုးရှိကြောင်း၊ အသုံးဝင်ကြောင်းကို အသိအမှတ်ပြု နားလည်ရန်
Develop practical scripts and skills related to compassionate communication
မေတ္တာဂရုဏာဖြင့် ဆက်သွယ်ပြောဆိုခြင်းဆိုင်ရာ အရည်အချင်းများ တိုးတက်ရန်
Learn how to support others with trauma in any setting
မည်သည့်ပတ်ဝန်းကျင်တွင်မဆို စိတ်ဒဏ်ရာရှိသူများကို မည်သို့ကူညီပံ့ပိုးနိုင်သည်ကို သင်ယူရန်
Understand how, as one person supporting another, your awareness and mindfulness can open the door for improved connection with people who live with these challenges, and in doing so, increase the sustainability of your practice
သင်က အခြားတယောက်ကို ပံ့ပိုးပေးသည့်အခါ၊ သင်၏ သိရှိနားလည်နိုင်စွမ်းနှင့် သတိရှိမှုတို့က စိတ်ဒဏ်ရာရှိ၍ စိန်ခေါ်မှုများရှိနေသည့်သူတို့အား ဆက်သွယ်ချိတ်ဆက်မှုကို တိုးတက်စေမည့်တံခါးကို ဖွင့်ပေးနိုင်စွမ်းရှိကြောင်းနှင့် ဤသို့ဆောင်ရွက်ခြင်းဖြင့် သင်၏ အလေ့အကျင့်ကို ရေရှည်တည်တံ့ခိုင်မြဲစေကြောင်းတို့ကို နားလည်ရန်
Modules - includes English Subtitles in the video lessons:
သင်ခန်းစာများ - မြန်မာစာတန်းထိုးပါဝင်သည့် ဗွီဒီယိုသင်ခန်းစာများ
1. The Impact of Trauma on Development
၁။ စိတ်ဒဏ်ရာက ဖွံ့ဖြိုးမှုအပေါ် ထိခိုက်မှုရှိပုံ
2. Arousal as a Foundation for Behaviour, Learning and Function
၂။ နိုးကြားမှု(arousal)သည် အပြုအမူ၊ သင်ယူခြင်းနှင့် လုပ်ကိုင်ဆောင်ရွက်ပုံတို့အတွက် အခြေခံအုတ်မြစ် ဖြစ်သည်
3. The Stress-Trauma Continuum and Regulation
၃။ စိတ်ဖိစီးမှု-စိတ်ဒဏ်ရာဖြစ်စဉ်နှင့် စိတ်ထိန်းညှိခြင်း
4. Attachment
၄။ တွယ်တာမှုသံယောဇဉ် (တွယ်တာမှုပုံစံ)
5. Trauma-Sensitive Practice in Action (Part 1)
၅။ စိတ်ဒဏ်ရာများကို အရေးတယူထည့်သွင်းစဉ်းစား တုံ့ပြန်အလေးထားခြင်း အလေ့အကျင့်ကို လက်တွေ့ကျင့်သုံးခြင်း (အပိုင်း ၁)
6. Trauma-Sensitive Practice in Action (Part 2)
၆။ စိတ်ဒဏ်ရာများကို အရေးတယူထည့်သွင်းစဉ်းစား တုံ့ပြန်အလေးထားခြင်း အလေ့အကျင့်ကို လက်တွေ့ကျင့်သုံးခြင်း (အပိုင်း ၂)
7. The Only Person You Can Change is Yourself
၇။ သင်ပြောင်းလဲနိုင်သောသူမှာ သင်သာလျှင် ဖြစ်သည်။
Cost:
Individual Price
For one individual only
CAD $419 per person
Note: Course purchase will link to 'Relationship Matters' learning platform website.
Due to the Marketplace Facilitator Tax laws rolling out across the US & Canada, sales tax will be applied to this price for Canadian and US citizens as applicable in each case, based on the registrant’s location of purchase and the type of course.
Team Group Pricing
3-5 @ 15% off, groups of 6-19 at 25% off and groups of 20+ @ 40% off.
Financial Support
If the cost of this course is prohibitive, partial scholarships may be offered to support you in your learning. See registration button below for group and financial assistance application links.
Financial Disclosure Statement
This course is solely organized and delivered by Relationship Matters Consultancy. There are no external sponsors, collaborators, or financial partners involved in the development or delivery of this course.
All registration fees and payments collected for participation in this course are received directly by Relationship Matters Consultancy and are used to support the administrative, instructional, and operational costs associated with the course.
In this course, Kim refers to the Safe and Sound Protocol, a product by Unyte. Kim currently serves on Unyte’s Clinical Advisory Board for which she does receive an annual honorarium, however, Kim does not receive financial remuneration in relation to the sales of Unyte's products.
Cancellation Policy
All cancellations for Continuing Education events must be submitted in writing via email to hello@kimbarthel.caor by mail to Relationship Matters at PO Box 24071, PO Broadmead, Victoria, B.C, V8X 0B2, Canada. For cancellations received 14 days before the course date, the course fee will be returned, less a $50 USD administrative fee. Within 14 days of the course, no refunds will be made, however the registration may be transferred to a substitute participant at no cost.
For activity cancellation by the provider: Relationship Matters reserves the right to cancel or reschedule any course due to an insufficient number of registrants or other unforeseen circumstances. Under these circumstances, Relationship Matters reserves the right to offer either a credit to attend a future course, or a refund for the course.